ဇန်နဝါရီတွင် တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းကိန်းသည် ပြန်လည်ကောင်းမွန်လာ

(GMT+08:00)2024-02-14 13:56:28  

ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအသင်း၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလတွင် တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းကိန်းသည် ၈၉.၂ဖြစ်ပြီး လွန်ခဲ့သည့်လကထက် ဝ.၂ မှတ် တိုးလာကာ ၂၀၂၃ ခုနှစ် အလားတူအချိန်ပိုင်းကထက် ပိုများကြောင်း သိရပါသည်။

တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအသင်း၏ စစ်တမ်းတစ်ခုတွင် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၏ တွန်းအားပေးမှုကြောင့် ဇန်နဝါရီလတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ယုံကြည်စိတ် ပြန်လည်ရှင်သန်လာခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက် မျှော်လင့်ချက်သည် တဖြည်းဖြည်း တိုးတက်လာပြီး လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံလို စိတ်လည်း ပြန်လည်ရရှိလာစေခဲ့ကြောင်း ဖော်ပြထားပါသည်။