အာရှနိုင်ငံများသည် ရုရှား၏အဓိကကုန်သွယ်ဖက်များဖြစ်လာသည်ဟု ရုရှားဖက်ဒရယ် အကောက်ခွန်ဌာန ဆို

(GMT+08:00)2024-02-13 14:04:02  

အာရှနိုင်ငံများသည် ရုရှားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်များ ဖြစ်လာြပီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရုရှားဖက်ဒရယ် အကောက်ခွန်ဌာနမှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။

၂၀၂၃ ခုနှစ်က အာရှနိုင်ငံများသို့ ရုရှားနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၀၆.၆  ဘီလီယံ ‌‌‌‌ရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၇.၅ ဘီလီယံ ရှိခဲ့သည်ဟု သတင်းအရ သိရသည်။ ၂၀၂၃ ခုနှစ်တွင် ဥရောပနိုင်ငံများသို့ ရုရှားနိုင်ငံ၏ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၄.၉ ဘီလီယံ ရှိပြီး ၆၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၈.၅ ဘီလီယံ ရှိပြီး ၁၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများ အကြား ကုန်သွယ်မှု သွင်းကုန်နှင့် ပို့ကုန်ပမာဏသည်လည်း လျင်မြန်စွာ မြင့်တက်လာခဲ့ သည်။