ဆွီဒင်နိုင်ငံ အပန်းဖြေဥယျာဉ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

(GMT+08:00)2024-02-13 14:01:52  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆွီဒင်နိုင်ငံ Gothenburg မြို့ရှိ Liseberg အပန်းဖြေဥယျာဉ်တွင် မီးလောင်မှုဖြစ်ပွားပြီး မီးခိုးများ ထူထပ်စွာ ထွက်ပေါ် လာခဲ့ပါသည်။ ယင်းမီးလောင်မှုသည် ဥရောပမြောက်ပိုင်းဒေသတွင် အကြီးဆုံးသော အပန်းဖြေဥယျာဉ်ရှိ ရေပန်း ဥယျာဉ်ကို လောင်ကျွမ်းပြီး၊ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ အပါအဝင် အာဏာပိုင်များက သေဆုံးဒဏ်ရာရရှိသူ ရှိမရှိ မဖော်ပြနိုင်သေးဟု သတင်းအရ သိရပါသည်။