နိုင်ငံများစွာမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် တရုတ်ရိုးရာနှစ်သစ်ကူးနှုတ်ခွန်းဆက်

(GMT+08:00)2024-02-13 14:20:18  

နိုင်ငံများစွာမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန် ထံသို့ တယ်လီဖုန်းဆက်သွယ်ခြင်းသို့မဟုတ် သဝဏ်လွှာပေးပို့ခြင်းဖြင့် တရုတ် ပြည်သူများအား တရုတ်ရိုးရာနဂါးနှစ် နှစ်သစ်ကူးနွှဲပျော်ရန် ဂုဏ်ပြုထောမနာပြုခဲ့ကြ ပါသည်။

    ဆီနီဂေါနိုင်ငံသမ္မတ Macky Sall က တရုတ်ပြည်သူများအား ကျန်းမာပျော်ရွှင် ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး ဆီနီဂေါ-တရုတ် အရည်အသွေးမြင့် ချစ်ကြည်ရေး ဆက်ဆံမှု ဆက်တိုက်မြှင့်တင်လာကြောင်း ဖော်ပြခဲ့ပါသည်။
    ဂါနာနိုင်ငံသမ္မတ Nana Addo Dankwa Akufo-Addo က နှစ်သစ်တွင် ဂါနာ-တရုတ် နှစ်နိုင်ငံပြည်သူများအား ပိုမိုများပြားသော အောင်မြင်မှုများနှင့် စည်ပင်သာယာမှုများ ဆောင်ကျဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါသည်။
    ခရိုအေးရှားနိုင်ငံသမ္မတ Zoran Milanovic က ချစ်ခင်ရင်းနှီးသော တရုတ် ပြည်သူများအား ကျန်းမာချမ်းသာကြပါစေကြောင်း၊ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပါသည်။
    ဘူလ်ဂေးရီးယားနိုင်ငံသမ္မတ Rumen Georgiev Radev က တရုတ်ပြည်သူများအား နဂါးနှစ်တွင် ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းပါသည်။