အစ္စရေးမှ ဂါဇာဒေသ တောင်ပိုင်း ရာဖာဒေသကို အလစ်ဝင်ရောက်တိုက်ခိုက်မှု ကြီးမားစွာ ဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

(GMT+08:00)2024-02-13 17:36:51  

ဖေဖော်ဝါရီလ ၁၃ရက်နေ့က အစ္စရေးနိုင်ငံသည် ဂါဇာဒေသ တောင်ပိုင်း ရာဖာဒေသကို ကြီးမားသော လေကြောင်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် ရာဖာဒေသ၏ အခြေအနေကို လွန်စွာ ဂရုစိုက်ကြောင်း၊ အရပ်သူအရပ်သားများကို ထိခိုက်စေသော နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်များကို ဆန့်ကျင်ကြောင်း၊ အစ္စရေးနိုင်ငံအား စစ်ရေးဆောင်ရွက်မှုများကို အမြန်ဆုံး ရပ်စဲပြီး အရပ်သူအရပ်သားများ သေဆုံး ဒဏ်ရာရရှိမှုများကို တတ်နိုင်သမျှ ရှောင်ရှားကာ ရာဖာဒေသတွင် ပိုမိုပြင်းထန်သော လူသားချင်းစာနာထောက်ထားမှုဒုက္ခများ မဖြစ်ပွားစေရန် ပန်ကြားကြောင်း ပြောကြားခဲ့ ပါသည်။