ရထားနှင့်မြို့ပြလေကြောင်းဖြင့် ခရီးသွားလာမှု၏ အချိုးအစားသည် သိသိသာသာ တိုးများလာ

(GMT+08:00)2024-02-13 14:16:57  

ယနေ့သည် တရုတ်နွေဦးပွဲတော် ရုံးပိတ်ရက်များ၏ စတုတ္ထနေ့ဖြစ်ကြောင်း၊ နွေဦး ပွဲတော် ရုံးပိတ်ရက်များ၏ ပထမနေ့မှစ၍ ယနေ့အထိ လူထုသွားလာမှုနှုန်းသည် အဆက်မပြတ် တိုးများလာနေကြောင်း၊ နွေဦးပွဲတော် ရုံးပိတ်ရက်များ၏ တတိယနေ့က ရထားဖြင့် ခရီးသွားသူဦးရေ ၁၁.၁၅သန်းခန့်ရှိပြီး ဒုတိယနေ့ကထက် ခရီးသည်သွားလာမှု နှစ်ဆခန့်တိုးများလာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ပြည်သူလူထု၏နေထိုင်မှုဘဝအရည်အချင်း အဆက်မပြတ် မြှင့်တင်လာသည်နှင့်အမျှ ဒေသဖြတ်ကျော် ခရီးသွားလာမှုနယ်ပယ်၌ မြန်နှုန်းမြင့်ရထား၊ မြို့ပြလေကြောင်း စသော နည်းလမ်းများဖြင့် ခရီးသွားလာရန် ပိုမိုများပြားစွာ ရွေးချယ်လာကြကြောင်း သတင်းရရှိ ပါသည်။