တရုတ်ရိုးရာပွဲတော်နေ့များတွင် တမူထူးခြားသောရသများ ခံစား

(GMT+08:00)2024-02-13 14:22:00  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ပွဲတော်နေ့များကို ပိုမိုပျော်ရွှင် ရွှင်လန်းစွာ နွှဲပျော်နိုင်စေရန် နွေဦးပွဲတော်ရုံးပိတ်ရက်များတွင် တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်၌ ပြည်သူလူထု ကြိုက်နှစ်သက်ကြသော ရေပန်းစားသည့် ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများကို များများကျင်းပနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ် နွေဦးပွဲတော်ရုံးပိတ်ရက်များတွင် တရုတ်ပြည်သူများသည် နွေဦးယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများ၌ နှစ်သစ်ကူးအရသာကို ခံစားပြီး ပိုမို ကောင်းမွန်သောနေထိုင်မှုဘဝအတွက် မျှော်လင့်ချက်များကို စုစည်းကြပါသည်။
    နွေဦးပွဲတော်သည် တရုတ်နိုင်ငံ၏ အရေးအကြီးဆုံးသော ရိုးရာပွဲတော်နေ့များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ယဉ်ကျေးမှုရသကို လက်ဆင့်ကမ်းနိုင်ပါသည်။ နွေဦးပွဲတော်သည် တရုတ်ပြည်သူများအတွက် နှစ်သစ်အစ ဖြစ်သကဲ့သို့ ယဉ်ကျေးမှုလက်ဆင့်ကမ်းပြီး ဖော်ပြနိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ယခုနှစ်နွေဦးပွဲတော်ရုံးပိတ်ရက်များ တွင် ထျန်ကျင်ရှေးဟောင်းယဉ်ကျေးမှုလမ်းမကြီးတွင် နှစ်သစ်ကူးအရသာကို အပြည့်အဝ ခံစားနိုင်ပါသည်။ နွေဦးပွဲတော်ရောက်ခါနီးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ထျန်ကျင်မြို့သို့ သွားရောက်ပြီး နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံအား နှစ်သစ်ကူး နှုတ်ခွန်းဆက်ခဲ့ပါသည်။