China Media Group ၏ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲသည် ပင်လယ်ရပ်ခြား၌ တရုတ်ယဉ်ကျေးမှုကို ဖြန့်ချိသော နာမည်ကတ်ဖြစ်လာ

(GMT+08:00)2024-02-13 14:18:50  

China Media Group ၏ ၂၀၂၄ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲသည် နိုင်ငံများစွာ၌ စိတ်ဝင်စားမှုများ ခံရကြောင်း၊ ပင်လယ်ရပ်ခြား၌ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ၏ ဖြန့်ချိမှုdataသည် သမိုင်းစံချိန်သစ်တင်ခဲ့ပြီး တရုတ်ယဉ်ကျေးမှုဖြန့်ချိသော နာမည်ကတ်ဖြစ်လာကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့ နံနက် ၉နာရီအထိ China Media Group သည် ကမ္ဘာ့နိုင်ငံနှင့်ဒေသ ၂၀၀မှ မီဒီယာဌာန ၂၃၀၀ကျော်နှင့်အတူ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြီး သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ဘာသာစကားမျိုးစုံဖြင့် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲနှင့်ပတ်သက်သော သတင်းများကို ထုတ်ပြန်ပြီး ပင်လယ်ရပ်ခြား၌ ဖတ်ရှုမှုနှုန်း ၁.၁၄၂ ဘီလီယံရှိပြီး ဗီဒီယိုကြည့်ရှုမှုနှုန်း ၃၃၁သန်းရှိကြောင်း၊ ကမ္ဘာ့နိုင်ငံ၄၉နိုင်ငံ၊ မြို့ ၉၀မှ အများသုံးScreen ၃၂၈၅ချပ်မှတစ်ဆင့် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြီး ပရိုမိုးရှင်းလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။