နွေဦးပွဲတော် အားလပ်ရက်များတွင် သွားလာမှု လုံခြုံပြီး စနစ်တကျရှိစေရေးအတွက် ဒေသအသီးသီး၌ အစီအမံများစွာဆောင်ရွက်နေကြ

(GMT+08:00)2024-02-12 14:19:21  

၂၀၂၄ ခုနှစ် နွေဦးပွဲတော်ခရီးသည် အထွေထွေပို့ဆောင်ရေးလုပ်ငန်းများသီးသန့်အသင်းမှ အချက်အလက်များအရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တစ်နိုင်ငံလုံးတွင် ဒေသ ဖြတ်ကျော် သွားလာမှု အကြိမ်ပေါင်း သန်း ၁၉၀ ကျော်ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၄.၂ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ယင်းအနက် ရထားဖြင့်သွားလာမှု အကြိမ်ရေ ၅ သန်း ၅ သိန်း ၆ သောင်းကျော်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရေကြောင်းဖြင့်သွားလာမှု အကြိမ်ရေ ၅ သိန်း ၈ သောင်း ၃ ထောင်ကျော်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၃၅.၂ ရာခိုင်နှုန်း တိုးလာကြောင်း၊  လေကြောင်းဖြင့် သွားလာမှု အကြိမ်ရေ ၁ သန်း ၉ သိန်း ၂သောင်း ၇ထောင် ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀၉.၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။