ဇန်နဝါရီလတွင် တရုတ်-ဗီယက်နမ် မီးရထားလမ်းဂိတ် မှတစ်ဆင့် သွင်းကုန်ပို့ကုန်ပမာဏသည် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ရာခိုင်နှုန်း၁၀၀ကျော်တိုးလာ

(GMT+08:00)2024-02-12 14:23:06  

ယခုလ ၁၀ရက်နေ့က တရုတ်မီးရထား ကူမင်းဗျူရိုအုပ်စုမှ အချက်အလက်များအရ ဇန်နဝါရီလတွင် တရုတ်-ဗီယက်နမ် မီတာရထား(Meter gauge)လမ်း ရှမ်းယောင်းဂိတ် မှတစ်ဆင့် သွားလာသော ရထားစီးရေပေါင်း ၁၅၁စီးရှိပြီး ကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၃၄၉၀၀ရှိကာ ၂၀၂၃ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၁၀၀.၉ရာခိုင်နှုန်းတိုးလာကြောင်း သိရပါသည်။