ဘေကျင်းသည် ၂၀၂၉ခုနှစ် World Aquatics Championships ကို လက်ခံကျင်းပမည်

(GMT+08:00)2024-02-12 14:20:35  

World Aquaticsသည် ၂၀၂၉ခုနှစ် World Aquatics Championshipsကို ဘေကျင်းမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း ယခုလ ၁၁ရက်နေ့က ဒိုဟာတွင် ကြေညာခဲ့ပါသည်။

World Aquatics ဥက္ကဋ္ဌ Husain Al-Musallamက ထိုနေ့ ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ၂၀၂၉ခုနှစ် World Aquatics Championshipsတွင် ရေကူး၊ ဒိုဗင်ထိုး၊ Artistic swimming၊ ဝါတာပိုလို၊ Open water swimmingနှင့် High Dive ပွဲစဉ် ၆ခု ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။