ရေခဲဆီးနှင်း စီးပွားရေးသည် ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားများ ထုတ်လွှတ်

(GMT+08:00)2024-02-12 14:21:13  

လက်ရှိတွင် တရုတ် ရေခဲဆီးနှင်း ခရီးသွား လုပ်ငန်းသည် တဟုန်ထိုး တိုးတက်ပြီး သက်ဆိုင်ရာ လုပ်ငန်းများ အရှိန်မြင့် တိုးတက်စေရန် တွန်းအားပေးနေပါသည်။ နိုင်ငံခြား မီဒီယာများစွာနှင့် ပုဂ္ဂိုလ်များစွာတို့က ရှင်သန်မှု ရှိသော ရေခဲဆီးနှင်း ခရီးသွားခြင်းသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေသည့် အပြင်၊ ကမ္ဘာ့ ခရီးသွား ဈေးကွက်နှင့် စီးပွားရေး နာလန်ပြန်ထူရန် အတွက် အားကောင်းသော တွန်းအားပေးမှုကို ဖော်ဆောင်ပေးနေကြောင်းလည်း ပြောကြားခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ရေခဲဆီးနှင်း ရာသီတွင် တရုတ်နိုင်ငံ၌ ရေခဲဆီးနှင်း အပန်းဖြေ ခရီးသွား ဦးရေမှာ ပထမဆုံး အကြိမ် အဖြစ် သန်း၄၀၀ ကျော်လွန်ပြီး ရေခဲဆီးနှင်း အပန်းဖြေ ခရီးသွား ဝင်ငွေ ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၅၅၀ ရရှိရန် အလားအလာ ရှိကြောင်း ခန့်မှန်းသည်ဟု တရုတ် ခရီးသွား လေ့လာရေး အကယ်ဒမီမှ ထုတ်ပြန်ခဲ့သော စာရင်းအရ သိရပါသည်။