တရုတ်နှင့် နိုင်ငံ အချို့တို့ အကြား ဗီဇာ ဆိုင်ရာ အဆင်ပြေစေရေး ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းသည် ပြည်တွင်းပြည်ပ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မည်

(GMT+08:00)2024-02-12 14:22:08  

   ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ မှစ၍ တရုတ် နိုင်ငံသည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဟော်လန်၊ စပိန်နှင့် မလေးရှား ၆နိုင်ငံတို့မှ သာမန် ပတ်စ်ပို့ ရှိသူများအား တစ်ဖက်သတ် ဗီဇာ ကင်းလွတ်ခွင့် မူဝါဒကို စမ်းသပ်ကျင့်သုံးခဲ့ပါသည်။ ယခုနှစ် ဇန်နဝါရီလ အလယ်တွင် တရုတ် နိုင်ငံက ဆွစ်ဇာလန်နှင့် အိုင်ယာလန် နှစ်နိုင်ငံတို့အား တစ်ဖက်သတ် ဗီဇာ ကင်းလွတ်ခွင့် ပေးကြောင်း ကြေညာခဲ့ပါသည်။ မကြာခင်က တရုတ် နိုင်ငံသည် စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် သာမန်ပတ်စ်ပို့ရှိသူများအား ဗီဇာကင်းလွတ်ခွင့် အပြန်အလှန် ပေးခြင်း သဘောတူစာချုပ်များကို ရှေ့ဆင့်နောက်ဆင့် ချုပ်ဆိုခဲ့ပါသည်။ တရုတ်နှင့် နိုင်ငံ အချို့တို့ အကြား ဗီဇာ ဆိုင်ရာ အဆင်ပြေစေရေး ဆောင်ရွက်ချက်များ ကျင့်သုံးခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျယ်ပြန့်စွာ ကြိုဆိုမှု ရရှိခဲ့ပါသည်။ နိုင်ငံများစွာမှ ပုဂ္ဂိုလ်များက ယင်းဆောင်ရွက်ချက်များသည် တရုတ်ပြည်တွင်းပြည်ပ ဝန်ထမ်း သွားလာမှုကို တစ်ဆင့်တိုး အဆင်ပြေစေပြီး ကမ္ဘာ ခရီးသွား လုပ်ငန်း အရှိန်မြင့် နာလန်ပြန်ထူရန် အထောက်အကူ ဖြစ်စေကာ တရုတ်ပြည်တွင်းပြည်ပ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု နှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း နက်ရှိုင်းစေရေး အတွက် ပိုမိုများပြားသော အခွင့်ကောင်းသစ်များကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။