CMG၏ တရုတ် ရိုးရာ နဂါးနှစ် နွေဦးပွဲတော် အကြိုနေ့ ညပဒေသာကပွဲ ကြည့်ရှုသူ ဦးရေ စံချိန်သစ်တင်

(GMT+08:00)2024-02-11 13:52:42  

 ယခုလ ၉ရက်နေ့ ညတွင် China Media Group၏ ၂၀၂၄ခုနှစ် နွေဦးပွဲတော် အကြိုနေ့ ည ပဒေသာကပွဲကို စီစဉ်ထားသည့် အတိုင်း ပြည်တွင်းပြည်ပ ပရိသတ်များအား ထုတ်လွှင့်ပြသပြီး စိတ်ရင်းစေတနာဖြင့် ပြည်သူလူထု အတွက် စိတ်လှုပ်ရှားစရာ ကောင်းသော “ယဉ်ကျေးမှု ပွဲတော်”တစ်ခုကို ထောက်ပံ့ပေးခဲ့ပါသည်။ ၁၀ရက်နေ့ နံနက် လင်းအားကြီးချိန် အထိ မီဒီယာ မျိုးစုံ မှတစ်ဆင့် ပဒေသာကပွဲ စုစုပေါင်း ကြည့်ရှုမှု အကြိမ်ရေ ၁၄.၂ ဘီလီယံ ရှိပြီး ဆိုရှယ် မီဒီယာများတွင် သက်ဆိုင်ရာ comment စုစုပေါင်း အရေအတွက်မှာ ၂၆.၇၇၇ ဘီလီယံရှိကာ မီဒီယာသစ် Live ထုတ်လွှင့်မှုနှင့် ပင်လယ်ရပ်ခြားထုတ်လွှင့်မှု ပမာဏတို့ အသီးသီး စံချိန်သစ် တင်နိုင်ခဲ့ပါသည်။