ရုရှားသည် ရုရှား ဆိုင်ရာ ယူကရိန်း သံရုံးတည်ရှိရာ နေရာ၏ မြေရာ ငှါးရမ်းခြင်း သဘောတူ စာချုပ်ကို ရပ်စဲ

(GMT+08:00)2024-02-11 13:54:06  

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ၂၀၂၃ခုနှစ် ဧပြီလက Kyivမြို့ လွှတ်တော်သည် ယူကရိန်း ဆိုင်ရာ ရုရှား သံရုံး အဆောက်အအုံများ တည်ရှိရာ နေရာ၏ မြေရာ ငှါးရမ်းခြင်း သဘောတူ စာချုပ်ကို ရပ်စဲသည်ဟု ကြေညာခဲ့ကြောင်း၊ သံတမန်ရေး ဆိုင်ရာ အသွားရှိလျှင် အပြန်ရှိရသော သဘော အရ မော်စကိုမြို့ သက်ဆိုင်ရာ ဌာနသည် ရုရှား ဆိုင်ရာ ယူကရိန်း သံရုံးတည်ရှိရာ နေရာ၏ မြေရာ ငှါးရမ်းခြင်း သဘောတူ စာချုပ်ကို ရပ်စဲမည်ဟု ဆုံးဖြတ်ပြီး ယူကရိန်းဘက်အား အကြောင်းကြားခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၁၀ရက်နေ့က ပြောကြားခဲ့ပါသည်။