နွေဦးပွဲတော်သည် တရုတ်နိုင်ငံ၏ နွေဦးပွဲတော် ဖြစ်သလို ကမ္ဘာ၏ နွေဦးပွဲတော်လည်းဖြစ်

(GMT+08:00)2024-02-11 13:53:03  

မကြခင်က တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်ကို ကုလသမဂ္ဂသည် ၄င်း၏ တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခဲ့ပါသည်။ ဩစတီးယား နိုင်ငံ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးသည် တရုတ် ဗြက္ခဒိန် ရိုးရာနှစ်သစ်ကို ပထမဆုံး အကြိမ် အဖြစ် နွှဲပျော်ခဲ့ ပါသည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံး သည် နွေဦးပွဲတော် ညပဒေသာကပွဲကို ထပ်မံ ကျင်းပခဲ့ပါသည်။ အမေရိကန် နိုင်ငံ နယူးယောက်မြို့မှသည် ပြင်သစ်နိုင်ငံ ပါရီမြို့အထိ၊ ဟော်လန် နိုင်ငံ Hagueမြို့မှသည် မက္ကဆီကို နိုင်ငံ မက္ကဆီကိုမြို့ အထိ တစ်ကမ္ဘာလုံးတွင် လူဦးရေ ၅ပုံ၁ပုံခန့်သည် ပုံစံမျိုးစုံဖြင့် တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်ကို နွှဲပျော်ကြပါသည်။ “တရုတ် ရိုးရာ နွေဦးပွဲတော်”မှ “ကမ္ဘာ နွေဦးပွဲတော်” အထိ နဂါးနှစ် နွေဦးပွဲတော်သည် ကမ္ဘာ့ပြည်သူများက တရုတ် ယဉ်ကျေးမှု သိရှိနားလည်ရန် အတွက် တွန်းအားသစ်နှင့် အခွင့်အလမ်းသစ် များကို ဖန်တီးပေးနေပါသည်။

နွေဦးပွဲတော်သည် တရုတ် ရှေးအကျဆုံးနှင့် အရေးအကြီးဆုံးသော ရိုးရာ ပွဲတော် ဖြစ်ပါသည်။ တောင်ကိုရီးယား၊ ဗီယက်နမ်၊ စင်ကာပူစသည့် နိုင်ငံနှင့် ဒေသ ၂၀ကျော်သည် တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်ကို တရားဝင် ပွဲတော်နေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခုအကြိမ် ကုလသမဂ္ဂ တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခံရခြင်းသည် တရုတ် ယဉ်ကျေးမှု၏ ဩဇာသက်ရောက်မှု တစ်ဆင့်တိုးမြင့်လာခြင်းကို ပြဆိုနေပါသည်။ ၇၈ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ ဖရန်စစ္စက ယင်းသည် ကုလသမဂ္ဂ စနစ်နှင့် ဘက်ပေါင်းစုံ ဝါဒတွင် တရုတ် နိုင်ငံ အနေနှင့် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခြင်းကို ပြသသည့် အပြင်၊ တရုတ် ပြည်သူများက တစ်ကမ္ဘာလုံး ပြည်သူများနှင့် တရုတ် ယဉ်ကျေးမှုကို အတူမျှဝေလိုခြင်းကိုလည်း ပြသနေကြောင်း ပြောကြားခဲ့ပါသည်။

နွေဦးပွဲတော်သည် တရုတ် ရိုးရာ ပွဲတော် တစ်ခုမှ တစ်ကမ္ဘာလုံး ဆိုင်ရာ ယဉ်ကျေးမှု ပွဲတော် ဖြစ်လာခြင်းသည် မည်သည့် အကြောင်းရင်းများ ရှိပါသနည်း။ တရုတ် ယဉ်ကျေးမှုတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိပ်ဆုံးနေရာ၌ ထားရှိခြင်းနှင့် သင့်သင့်မြတ်မြတ်ရှိပြီး ကိုယ်ပိုင်ခံယူချက်ကို လက်ကိုင်ထားခြင်း တန်ဖိုးအမြင်နှင့် အလှတရားများကို အတူမျှဝေခံစားမှု ဆိုတဲ့ ယဉ်ကျေးမှု ခံယူချက်များ သည် တစ်ကမ္ဘာလုံး ပြည်သူများ၏ အသိအမှတ်ပြု သဘောတူညီမှု ရရှိခြင်းကြောင့် ဖြစ်ပါသည်။ တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်သည် ငြိမ်းချမ်းရေး၊ သင့်မြတ်သာယာရေး ဆိုတဲ့ တရုတ် ယဉ်ကျေးမှု ခံယူချက်များကို လက်ဆင့်ကမ်း ဆက်ခံလာပါသည်။ တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် လှုပ်ရှားမှု မျိုးစုံကို ထိတွေ့ခံစားခြင်းဖြင့် တစ်ကမ္ဘာလုံး ပြည်သူများသည် တရုတ် နိုင်ငံကို တစ်ဆင့်တိုး သိရှိနားလည်ပြီး တရုတ် ယဉ်ကျေးမှုက ပွင့်လင်းမှု၊ ဘက်ပေါင်းစုံ ပါဝင်စေမှုနှင့် ဆန်းသစ်တီထွင်မှု ရှိသည်ကိုလည်း သိရှိနားလည်လာပါသည်။