ကန်၏စစ်ရေးအခြေစိုက်စခန်းများအပေါ် တိုက်ခိုက်မှုများကို ပြန်လည်ပြုလုပ်မည်ဟု အီရတ်အရပ်ဘက် လက်နက်ကိုင်ဆို

(GMT+08:00)2024-02-11 13:54:49  

ဒေသစံတော်ချိန် ၉ ရက်နေ့က အီရတ်အရပ်ဘက်လက်နက်ကိုင်ဖြစ်သည့် အစ္စလာမ်ခုခံရေးအဖွဲ့ သည် ကြေညာချက် ထုတ်ပြန်ပြီး မကြာခင်က အီရတ်အနောက်ပိုင်း Aqashat နှင့် Qaim ဒေသများကို အမေရိကန် တပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခြင်းနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချပြီး ၎င်းတို့သည် အမေရိကန်၏ စစ်ရေးအခြေစိုက်စခန်းများအပေါ် တိုက်ခိုက်မှုများကို ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။