ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းတွင် အစ္စရေး၏ အပြင်းအထန် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၈ ဦးထက်မနည်း သေဆုံး

(GMT+08:00)2024-02-11 13:54:27  

 ယခုလ ၉ ရက်နေ့ညမှစ၍ အစ္စရေးတပ်ဖွဲ့သည် ဂါဇာကမ်းမြောင် တောင်ပိုင်းဒေသ ရာဖာမြို့ကို အပြင်းအထန် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လူ ၂၈ ဦး ထက်မနည်း သေဆုံးသွားကြောင်း ပါလက်စတိုင်း ရုပ်မြင်သံကြားဌာနမှ ၁၀ ရက်နေ့က ဖော်ပြပါသည်။ ဟားမတ်စ်အဖွဲ့မီဒီယာရုံးမှ ၁၀ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ပြီး လက်ရှိ ပါလက်စတိုင်းအမျိုးသား ၁ သန်း ၄ သိန်းကျော်သည် ရာဖာဒေသတွင် နေထိုင်နေပြီး အစ္စရေးက ရာဖာဒေသအပေါ် ကြီးမားသည့် စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ပါက သောင်းနှင့်ချီသော လူများ သေကျေဆုံးရှုံးမှု ဖြစ်နိုင်မည်ဟု ဖော်ပြပါသည်။