ကန်နှင့် ပြင်သစ် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးတို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2024-02-10 11:46:09  

 ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက်နေ့က အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး အော်စတင်နှင့် ပြင်သစ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး လယ်ကိုလ်နီတို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အစ္စရေး၊ အီရန်နှင့် ပင်လယ်နီဒေသအခြေအနေစသည့် အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ ပြဿနာများနှင့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး နှစ်နိုင်ငံတို့သည် အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အလေးထားဖော်ပြပါသည်။