ယူကရိန်း ကာကွယ်ရေးဝန်ကြီးသည် ဂျာမဏီ ကာကွယ်ရေးတပ် စစ်ဆေးရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-02-10 11:45:36  

ယခုလ ၉ရက်နေ့က ယူကရိန်း အမျိုးသား သတင်းအေဂျင်စီ၏ သတင်းအချက်အလက်အရ ယူကရိန်းကာကွယ်ရေးဝန်ကြီးဝူမေလိုဖ်နှင့် ယူကရိန်း တပ်မတော် စစ်ဦးစီးချုပ် သစ်ဆယ်လ်စကီတို့ သည် အလည်အပတ် ရောက်ရှိနေသော ဂျာမနီ ကာကွယ်ရေးတပ် စစ်ဆေးရေးမှူးချုပ် ခါလ်စ်တန်·ပူလိုအီလ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ ဆယ်လ်စကီက ရှေ့တန်းအခြေအနေကို ရှင်းလင်းဖော်ပြကြောင်း၊ လက်နက်များ၊ ခဲယမ်းများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ် စသည်များတွင် ယူကရိန်း တပ်မတော်မှ လိုအပ်ချက်များကို နှစ်ဦးနှစ်ဖက်တို့က ဆွေးနွေးခဲ့ကြသည်။