Blinkenသည် တရုတ် ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြား

(GMT+08:00)2024-02-10 11:44:16  

    ယခုလ ၉ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တရုတ် ရိုးရာ နဂါးနှစ် အတွက် နိုင်ငံခြားရေး ဝန်ကြီး Blinkenမှ သတင်းပြန်တမ်းကို ထုတ်ပြန်ခဲ့ပါသည်။ မကြာခင် နှစ်များ တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် အကြိုနေ့များတွင် Blinkenသည် နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းသည့် သတင်းပြန်တမ်းကို ထုတ်ပြန်လေ့ရှိခဲ့ပါသည်။ ယခုနှစ် သတင်းပြန်တမ်းတွင် Blinkenက တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်ကို နွှဲပျော်ကြသည့် မိတ်ဆွေများ ကြံတိုင်းဆောင်တိုင်း အဆင်ပြေ၍ ဆန္ဒပြည့်နိုင်ပါစေဟု ဆုတောင်းကြောင်း၊ နဂါးသည် အင်အားနှင့် ရေရှည်ခိုင်မာမှု ရှိခြင်းကို ကိုယ်စားပြုကြောင်း၊ နှစ်သစ်တွင် အားလုံးသည် ချမ်းမြေ့သာယာမှု၊ ကျန်းမာရေးနှင့် စည်ပင်သာယာမှု ရရှိနိုင်ပါစေဟုလည်း ဆုမွန်ကောင်းတောင်းလိုက်ကြောင်း ဖော်ပြပါသည်။