ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အကြား ပင်လယ်ရေကြောင်း တိုက်ရိုက်ခုတ်မောင်းသွားလာမှုသည် ခရီးသည် ဦးရေ အထွပ်အထိပ်သို့ ရောက်ရှိ

(GMT+08:00)2024-02-10 11:43:56  

တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် ကျရောက်လာသည့် အခါသမယတွင် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များစွာသည် သင်္ဘောများဖြင့် ပြည်မကြီးသို့ ပြန်ရောက်လာပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အကြား ပင်လယ်ရေကြောင်း တိုက်ရိုက်ခုတ်မောင်းသွားလာမှု ခရီးသည် ဦးရေ အထွပ်အထိပ်သို့ ရောက်ရှိနေကြောင်း၊ ၂၀၂၄ခုနှစ် နွေဦးပွဲတော် ပို့ဆောင်ရေး စတင်ခဲ့သည့် နောက်ပိုင်းတွင် သက်ဆိုင်ရာ ပင်လယ်ရေကြောင်းလိုင်းဖြင့် ထိုင်ဝမ်နှင့် ပြည်မကြီး အကြား သွားလာသည့် ထိုင်ဝမ် မွေးချင်းပေါက်ဖော် ဦးရေသည် အဆက်မပြတ် တိုးလာကြောင်း၊ နွေဦးပွဲတော် မရောက်ခင် ပင်လယ်ရေကြောင်း ခရီးစဉ် ၃၀၀ ခုတ်မောင်းပြီး စုစုပေါင်း ခရီးသည် ၅သောင်း၃ထောင်ကျော်ကို သွယ်ယူပို့ဆောင်ခဲ့ကြောင်း ယခုလ ၉ရက်နေ့က ဖူကျန့်ပြည်နယ် အဏ္ဏဝါရေးရာ ဦးစီးဌာနမှ သတင်းကို ကိုးကား၍ The Paperက ရေးသားဖော်ပြထားပါသည်။