
ယခုလ ၉ရက်နေ့ ည ၈နာရီတွင် China Media Group၏ ၂၀၂၄ခုနှစ် နွေဦးပွဲတော် အကြိုနေ့ ည ပဒေသာကပွဲကို စီစဉ်ထားသည့် အတိုင်း ပြည်တွင်းပြည်ပ ပရိသတ်များအား ထုတ်လွှင့်ပြသခဲ့ပါသည်။ ပဒေသာကပွဲသည် “တွေးခေါ်မှု+အနုပညာ+နည်းပညာ”ပေါင်းစပ်မှုဖြင့် အေးချမ်းပျော်ရွှင်မှုနှင့် သာယာကောင်းမွန်မှုများကို ဖော်ပြထားပြီး စိတ်ရင်းစေတနာဖြင့် လူများ အတွက် စိတ်လှုပ်ရှားစရာ ကောင်းသော “ယဉ်ကျေးမှု ပွဲတော်”တစ်ခုကို ထောက်ပံ့ပေးခဲ့ပါသည်။ တရုတ် ပြည်တွင်း မီဒီယာသစ်များ မှတစ်ဆင့် ယခုအကြိမ် China Media Group၏ ၂၀၂၄ခုနှစ် နွေဦးပွဲတော်အကြိုနေ့ ညပဒေသာကပွဲ Live ထုတ်လွှင့်မှုကို ကြည့်ရှုသူ ဦးရေနှင့် ကြည့်ရှုမှု အကြိမ်ရေ အသီးသီး စံချိန်သစ် တင်နိုင်သလို ပြည်ပတွင် ထုတ်လွှင့်မှု ပမာဏသည်လည်း စံချိန်သစ် တင်နိုင်ခဲ့ပါသည်။








