အမေရိကန်စစ်တပ်၏ အီရတ်တွင် တိုက်ခိုက်မှုသည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးလွန်သည်ဟု အီရတ် ဆို

(GMT+08:00)2024-02-09 14:11:46  

အီရတ်စံတော်ချိန် ဖေဖော်ဝါရီလ ၇ရက်နေ့ ညတွင် အမေရိကန်စစ်တပ်သည် အီရတ် ပြည်တွင်း၌ တိုက်ခိုက်မှုပြုလုပ်ပြီး အီရတ် ဟစ်ဇ်ဘိုလာတပ်မဟာ၏ တပ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ရေးဌာနချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုသည် အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ပြုလုပ်တာဖြစ်ကြောင်း အမေရိကန်ဘက်က ပြောကြားခဲ့ပါသည်။ "ဟစ်ဇ်ဘိုလာ" သည် အီရတ် " Popular Mobilization Forces " မှ ပိုင်ဆိုင်ခြင်းဖြစ်ပါသည်။

အီရတ်တပ်မတော် ဦးစီးချုပ် ပြောရေးဆိုခွင့်ရှိသူ Yahya Rassoul က ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ရာမှာ အမေရိကန်၏ တိုက်ခိုက်မှုသည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးလွန်ပြီး အီရတ်တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့သည် အီရတ်ကို မတည်မငြိမ်ဖြစ်စေသော အကြောင်းရင်း ဖြစ်လာသောကြောင့် အီရတ်နိုင်ငံမှ အမြန်ဆုံး ထွက်ခွာသင့်ကြောင်း ပြောကြားခဲ့ပါသည်။