မြန်မာနိုင်ငံ ရန်ကုန်တိရစ္ဆာန်ရုံ၏ ၁၁၈ နှစ်ပြည့်မြောက်ခြင်း အထိမ်အမှတ်အဖြစ် လှုပ်ရှားမှုအမျိုးမျိုး ကျင်းပ

(GMT+08:00)2024-02-09 14:11:05  

ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်တိရစ္ဆာန်ရုံ၏ ၁၁၈ နှစ်ပြည့်မြောက်ခြင်း အထိမ်အမှတ်အဖြစ် လှုပ်ရှားမှုအမျိုးမျိုး ကျင်းပခဲ့ပြီး ဒီ၄ရက်အတွင်း လာရောက်လည်ပတ်သူ သောင်းနှင့်ချီရှိခဲ့ပါသည်။

ရန်ကုန်တိရစ္ဆာန်ရုံကို ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှမှာပါ သက်တမ်းအကြာမြင့်ဆုံး တိရစ္ဆာန်ရုံဖြစ်ပါသည်။ လက်ရှိ တိရစ္ဆာန်ရုံ၌ တိရစ္ဆာန်မျိုးစိတ် ၂၀၀ ကျော်ရှိပြီး တိရစ္ဆာန်အရေအတွက် ၁၅၀၀ ကျော်ရှိပါသည်။