China Media Group မှ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ပရိုမိုးရှင်း ဗီဒီယိုကို ဒူဘိုင်းတွင် ထုတ်လွှင့်ပြသ

(GMT+08:00)2024-02-09 12:01:14  

တရုတ် နဂါးနှစ် နှစ်သစ်ကူး နွေဦးပွဲတော် ရောက်လာတော့မည့်အချိန်တွင် အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းတွင် တရုတ် နှစ်သစ်ကူး နွေဦးပွဲတော်ဆိုင်ရာ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အကောက်ခွန်လွတ်ဆိုင်များ၊ အဓိကစီးပွားရေးဇုန်များ၊ ဒူဘိုင်း အော်ပရာ ပြဇာတ်ရုံ စသည့် နေရာများရှိ အီလက်ထရောနစ် ဖန်သားပြင်ပေါင်း ၂၃၀ ကျော်တွင် China Media Group မှ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ပရိုမိုးရှင်း ဗီဒီယိုကို ထုတ်လွှင့်ပြသပြီး ဒေသခံအများအပြား၏ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ အပေါ် စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။