China Media Group သည် North American Hockey League ပြိုင်ပွဲကျင်းပရာနေရာ၌ နွေဦးပွဲတော်အကြို ပဒေသာကပွဲ ပရိုမိုးရှင်းပွဲ ကျင်းပ

(GMT+08:00)2024-02-09 16:06:36  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက်နေ့ တရုတ်နှစ်သစ်ကူးအကြိုနေ့တွင် China Media Group သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ North American Hockey League ပြိုင်ပွဲကျင်းပရာနေရာ၌ နွေဦးပွဲတော်အကြို ပဒေသာကပွဲ ပရိုမိုးရှင်းပွဲကို ကျင်းပခဲ့ပြီး အမေရိကန်ပရိသတ်တစ်သောင်းကျော်တို့သည် တရုတ်နွေဦးပွဲတော်၏ ယဉ်ကျေးမှုကျက်သရေကို ခံစားရင်း နဂါးနှစ်၏ နှစ်သစ်ကူးကို အတူတကွ ကြိုဆိုကြသည်။

China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် အမှာစကား ပြောကြားပြီး မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာပါစေဟုဆုတောင်းခဲ့ပါသည်။

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ရှယ့်ဖုန်း က "နဂါးနှစ်မှာ အားလုံး ကျန်းမာချမ်းမြေ့ကြပါစေ" ဟု ဆုမွန်ကောင်း တောင်းပါသည်။