နိုင်ငံနှင့်ဒေသ ၂၀၀ ကျော်မှ မီဒီယာ ၂၁၀၀ ကျော်တို့သည် China Media Groupမှ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပြသမည်

(GMT+08:00)2024-02-09 10:21:13  

   ဘေကျင်းစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက်နေ့ည (နွေဦးပွဲတော် အကြိုည) ၈ နာရီတွင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားနေသော China Media Groupမှ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲကို ကျင်းပမည် ဖြစ်သည်။

  နွေဦးပွဲတော်အကြိုည ပဒေသာကပွဲသည် ကမ္ဘာပေါ်တွင် ဖမ်းယူ ကြည့်ရှုသူဦးရေ အများဆုံးသော ဂင်းနစ်စာရင်းဝင် ရုပ်မြင်သံကြား အစီအစဉ်ပင် ဖြစ်သည်။

   နွေဦးပွဲတော်အကြိုည ပဒေသာကပွဲကို ၁၉၈၃ ခုနှစ်ကစပြီး နှစ်စဉ် နွေဦးပွဲတော်အကြိုညမှာ ကျင်းပခဲ့ပြီး ၄၁ ကြိမ်တိုင်တိုင် ဆက်တိုက် ကျင်းပခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ပဒေသာကပွဲတွင် တေးဂီတ၊ အက၊ အော်ပရာ၊ ပြက်လုံး၊ ပြဇာတ်တို၊ မျက်လှည့်၊ ဂျွမ်းဘားဆပ်ကပ် စသည့်အစီအစဉ်များ တင်ဆက်ဖျော်ဖြေပေးမည် ဖြစ်ပါသည်။

   China Media Group၏ CGTN သည် အင်္ဂလိပ်၊ စပိန်ဘာသာ၊ ပြင်သစ်ဘာသာ၊ အာရပ်ဘာသာ၊ ရုရှားဘာသာနှင့် ဘာသာစကား ၆၈ မျိုး၏ မီဒီယာသစ် ပလက်ဖောင်းများကို အသုံးပြုပြီး ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၂၀၀ ကျော်မှ မီဒီယာ ၂၁၀၀ ကျော်တို့နှင့်အတူ China Media Groupမှ နွေဦးပွဲတော်အကြိုည ပဒေသာကပွဲကို အချိန်နှင့်တပြေးညီ ထုတ်လွှင့် ပြသသွားမည် ဖြစ်ပါသည်။