"ပြည်သူများ၏ နွေဦးပွဲတော် ပဒေသာကပွဲ"သည် ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များနှင့်အတူ နဂါးနှစ် နွေဦးပွဲတော်ကို ကြိုဆို

(GMT+08:00)2024-02-09 20:25:35  

ဖေဖော်ဝါရီလ ၉ ရက်နေ့သည် တရုတ် နွေဦးပွဲတော် အကြိုနေ့ ဖြစ်သည်။ ၉ ရက်နေ့ ည ၈ နာရီတွင် China Media Groupမှ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲကို ကျင်းပပါသည်။

 နွေဦးပွဲတော် အကြိုည ပဒေသာကပွဲသည် တရုတ်လူမျိုးများ နွေဦးပွဲတော် နှစ်သစ်ကူး အချိန်တွင် မရှိမဖြစ်လိုအပ်သော ယဉ်ကျေးမှု ဖျော်ဖြေပွဲကြီး ဖြစ်ပါသည်။ ကုလသမဂ္ဂမှ နွေဦးပွဲတော်ကို ကုလသမဂ္ဂပွဲတော် အဖြစ် သတ်မှတ်ခဲ့ခြင်းသည် နွေဦးပွဲတော် အကြိုည ပဒေသကပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ အဓိပ္ပာယ်များကို ဆောင်ကြဉ်းပေးလာပါသည်။

ယခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲသည် "ပြည်သူများ၏ နွေဦးပွဲတော် ပဒေသာကပွဲ" မူကို စွဲကိုင်ပြီး တရုတ်ပြည် လုပ်ငန်းနယ်ပယ် အသီးသီးမှ သာမန် ပြည်သူလူထုများက နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ၏ "အဓိက ဇာတ်ဆောင်များ" ဖြစ်လာပါသည်။ ခေါက်ဆွဲ လုပ်သူ၊ ပင်စင်ယူ နည်းပညာတတ်ကျွမ်းမှု အလုပ်သမား၊ ပြည်သူ့လုံခြုံရေးရဲများ၊ အားကစားသမား အစရှိသော ရိုးရိုးသာမန် ဝန်ထမ်းများသည် ပဒေသာကပွဲ၏ အစ  "တို့ရဲ့ နွေဦးပွဲတော်"မှာ ပါဝင်ကြပါသည်။ ပြည်လုံးဆိုင်ရာ အလုပ်သမားနေ့ ဆုရသူများ၊ ရှင်းကျိုး-၁၇ အာကာသယာဉ်မှူးများ၊ သိပ္ပံပညာရှင်များ၊ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ထိန်းသိမ်းကာကွယ်ရေး ဝန်ထမ်းများ အပါအဝင် လုပ်ငန်းနယ်ပယ် အသီးသီးမှ ဝန်ထမ်း ကိုယ်စားလှယ် ၅၀ ကျော်တို့က စုပေါင်းသီချင်းတစ်ပုဒ်ကိုဆိုကြပါသည်။

ယခုနှစ်၏ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲသည် သမိုင်းသက်တမ်း နှစ်ပေါင်း ၅၀၀၀ ကြာမြင့်သော တရုတ် ယဉ်ကျေးမှု ခံစားခြင်း ခရီးစဉ်ပင် ဖြစ်ပါသည်။

ယခုနှစ်၏ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲတွင် VP ရုပ်ရှင် ရုပ်သံ ပြုလုပ်ရေး နည်းပညာကို အသုံးပြုပြီး XR+VP အဆင့်မြင့် ကြည်လင်ပြတ်သားမှုကို ဖော်ဆောင်ပေးနေပါသည်။

ယခုနှစ်၏ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲသည် ကျက်သရေ ပြည့်နှက်သည့် တစ်ပြည်လုံးမှ ပြည်သူများ၏ ပျော်ပွဲရွှင်ပွဲကြီး ဖြစ်သည်။

ယခုနှစ်၏ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲသည် ကမ္ဘာတစ်ဝှမ်းလုံး၏ ပျော်ပွဲရွှင်ပွဲကြီးလည်း ဖြစ်ပါသည်။

ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံ ၄၉ နိုင်ငံရှိ မြို့ ၉၀ မှ အများပြည်သူကြည့်ရှုနိုင်သည့် ဖန်သားပြင်ကြီး ၃၀၀၀ ကျော်တွင် နွေဦးပွဲတော် ပဒေသာကပွဲကို အချိန်နှင့် တပြေးညီ ထုတ်လွှင့် ပြသနေကြသည်။