ရုရှားနှင့် ယူကရိန်းတို့ ဖန်းဆီးထားသောစစ်သားများ လဲလှယ်

(GMT+08:00)2024-02-09 14:08:49  

   ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖန်းဆီးခံထားရသော ရုရှားစစ်သားအယောက် ၁၀၀ သည် ယူကရိန်းထိန်းချုပ်နယ်မြေကနေ ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ၎င်းတို့သည် ရုရှားလေတပ်မှ ပို့ဆောင်ရေးလေယာဉ်ဖြင့် မော်စကိုမြို့သို့ ရောက်ရှိပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးကုသရေးဌာနမှာ ကုသမှုခံယူမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ယူကရိန်းစစ်သားအယောက်၁၀၀ လည်း ယခုအကြိမ် လဲလှယ်မှုတွင် အိမ်ပြန်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

    ၈ ရက်နေ့မှာ ယူကရိန်းသမ္မတ Zelensky ကလည်း ယူကရိန်းတပ်သား အယောက် ၁၀၀  ယူကရိန်းနိုင်ငံကို ပြန်လာပြီဟု ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။