ရှီကျင့်ဖိန်သည် ဒီမိုကရေစီပါတီများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှုအသင်း၊ တစ်သီးပုဂ္ဂလများနှင့် ညီညွတ်ရေး တပ်ပေါင်းစုမှ ပုဂ္ဂိုလ်များအား နှစ်သစ်ကူး နွေဦးပွဲတော် နှုတ်ဆက်

(GMT+08:00)2024-02-08 11:19:51  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် ဒီမိုကရေစီပါတီများမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှုအသင်း၊ တစ်သီးပုဂ္ဂလများနှင့် ညီညွတ်ရေး တပ်ပေါင်းစုမှ ပုဂ္ဂိုလ်များနှင့် ဆုံတွေ့ကြပြီး ၎င်းတို့အား နှစ်သစ်ကူး နွေဦးပွဲတော် နှုတ်ဆက်ခဲ့ပါသည်။ 

   ရှီကျင့်ဖိန်သည် ဒီမိုကရေစီပါတီများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှုအသင်း၊ တစ်သီးပုဂ္ဂလများအား မျှော်လင့်ချက် သုံးချက် ထားခဲ့သည်။ တစ်အချက်သည် စနစ်ဆိုင်ရာ ယုံကြည်စိတ် ခိုင်ခံ့လာပြီး တရုတ်နိုင်ငံ၏ အမျိုးအစားသစ် နိုင်ငံရေးပါတီ စနစ်ကို ကောင်းမွန်စွာ စွဲကိုင်၊ မြှင့်တင်၊ ပိုမို ပြည့်စုံလာစေရန် ဖြစ်သည်။ နှစ်အချက်သည် သဘောတူညီမှုများကို ကျယ်ပြန့်စွာ စုစည်းပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးတက်မှုကို တွန်းအားပေးရန် ဖြစ်သည်။ သုံးအချက်သည် နိုင်ငံရေး ဦးဆောင်မှုကို အားဖြည့်ပြီး ကိုယ်တိုင် တည်ဆောက်မှု အရည်အချင်းကို အဆက်မပြတ် တိုးမြှင့်ရန် ဖြစ်သည်ဟု  China Media Groupမှ သတင်းအရ သိရပါသည်။