တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့သည် နွေဦးပွဲတော် နှုတ်ခွန်းဆက်ပွဲ ပြုလုပ်၊ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြား

(GMT+08:00)2024-02-08 16:40:36  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ၂၀၂၄ ခုနှစ် နွေဦးပွဲတော် နှုတ်ခွန်းဆက် ပွဲကို ပြုလုပ်ခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား၊ တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံ ပြည်သူများ၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖော်များ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖော်များ၊ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များနှင့် ပင်လယ်ရပ်ခြားရောက် တရုတ် အနွယ်ဖွားများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။