ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် ရဲဘော်ဟောင်းများအား တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-02-08 11:20:25  

နွေဦးပွဲတော် ရောက်ခါနီး အချိန်အခါတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် ဟူးကျင်ထောင်း၊ ကျူယုံကြည်၊ လီရွေ့ဟွမ်၊ ဝူပန်းကို၊ ဝင်းကျားပေါင်၊ ကျာချင့်လင်၊ ကျန်းတေကျန်း၊ ယူကျင့်ရှင်း၊ လိကျန်းရှူ၊ ဝမ်ယန် စသည့် ရဲဘော်ဟောင်းများကို အသီးသီး သွားရောက် တွေ့ဆုံ နှုတ်ဆက် သို့မဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူများအား အပ်နှင်းပြီး တွေ့ဆုံနှုတ်ဆက် ခဲ့ကြပြီး ၎င်းတို့အား နွေဦးပွဲတော် နှုတ်ခွန်းဆက်ခဲ့ကြပါသည်။

   အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ ရည်မှန်းချက်အကြောင်းအရာများကို ဘက်စုံ အကောင်အထည်ဖော်ဆောင်နေသည့် ခရီးစ နှစ်များတွင် ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေအဖြစ်ထားသည့် ပါတီဗဟိုကော်မတီသည် ပါတီတစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံးနှင့် တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ရဲရဲဝံ့ဝံ့ ကြိုးပမ်းဆောင်ရွက်ကာ ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံ တည်ဆောက်ရေး လမ်းစဉ်သစ်တွင် ခိုင်ခံ့စွာ ချီတက်နေခြင်းကို ရဲဘော်ဟောင်းများက တန်ဖိုးထား ချီးကျူးကြပြီး ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်ကို ပါတီဗဟိုကော်မတီ၏ အမြုတေ၊ ပါတီ တစ်ရပ်လုံး၏ အမြုတေအဖြစ် ထားခြင်းကို စိတ်ရင်းမှန်ဖြင့် ထောက်ခံကြောင်းလည်း ဖော်ပြခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။