ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ (၅) ခုကို လက်မှတ်ရေးထိုး

(GMT+08:00)2024-02-08 11:28:45  

ဖေဖော်ဝါရီလ၇ရက်နေ့က ထိုင်းဝန်ကြီးချုပ် ဆက်တာသာဘိုနှင့် ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနိုင်တို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ အတူတကွ ကြီးမှူးကျင်းပပြီး ယင်းသည် ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ ဆက်ဆံရေးသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်အဖြစ် တရားဝင် မြင့်တင်လာခြင်းကို ပြသပါသည်။

    အဆိုပါပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာတွင် စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ အကောက်ခွန်နှင့် ကုန်သွယ်မှု စသောနယ်ပယ်များပါဝင်သည်။ နှစ်နိုင်ငံတို့က နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်မှုခင်းများ အထူးသဖြင့် ဆိုက်ဘာရာဇဝတ်မှုများကို နှိမ်နင်းရန် တွန်းအားပေးမည်ဖြစ်သည်။