ကင်ဂျုံအန်းသည် ကင်ဟွာမြို့ရှိ စက်ရုံကို ကြည့်ရှုစစ်ဆေး

(GMT+08:00)2024-02-08 11:27:49  

မြောက်ကိုရီးယားနိုင်ငံ ဗဟိုသတင်းဌာနမှ ဖေဖော်ဝါရီလ ၈ရက်နေ့ထုတ်ပြန်သည့် သတင်းအရ မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်းသည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကင်ဟွာမြို့ရှိ စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။