ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားပြီး လူ ၂၄ ဦး သေဆုံးကာ ၅၀ ဦး ဒဏ်ရာ ရရှိ

(GMT+08:00)2024-02-08 11:36:30  

ဖေဖော်ဝါရီလ ၇ ရက်နေ့က ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၌ လွှတ်တော် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ရုံးများကို ပစ်မှတ်ထားသော ဗုံးဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် အစိုးရအရာရှိတစ်ဦးက ထိုနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ အဆိုပါ တိုက်ခိုက်မှု နှစ်ကြိမ် အတွက် မည်သည့် အဖွဲ့အစည်းမှ တာဝန်ယူသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုနှင့် ရှာဖွေမှု လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ပါကစ္စတန်နိုင်ငံသည် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အမျိုးသားလွှတ်တော် (အောက်လွှတ်တော်) နှင့် ပြည်နယ်လွှတ်တော်များ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။ လွန်ခဲ့သော ရက်များအတွင်း ပါကစ္စတန် နေရာအနှံ့တွင် လွှတ်တော်အမတ်လောင်းများ၊ မဲဆွယ်စည်းရုံးပွဲများ၊ ရွေးကောက်ပွဲ ကော်မတီစသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားသော အကြမ်းဖက် တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။