China Media Group မှ ၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ဇာတ်တိုက် လေ့ကျင့်မှု ငါးကြိမ်စလုံး ပြီးမြောက်

(GMT+08:00)2024-02-08 11:31:04  

China Media Group မှ ၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ပဉ္စမ အကြိမ် ဇာတ်တိုက် လေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြုလုပ်ပြီးမြောက်ခဲ့ပါသည်။ သီချင်းများ၊ အကများ၊ ပြက်လုံးများ၊ ဇာတ်တိုများ၊ အော်ပရာများ၊ ဝူရှူးသိုင်း၊ မျက်လှည့်၊ ဘားဂျွမ်းဆပ်ကပ်၊ musical ၊ microfilm စသည့် အစီအစဉ် အမျိုးမျိုး ချောမောစွာ ချိတ်ဆက်ထားပြီး  အဓိက တင်ဆက်ဖျော်ဖြေရာနေရာ နှင့် အခြားသော တင်ဆက်ဖျော်ဖြေရာနေရာ ၄ ခု တို့ သဘာဝကျကျ ဆက်သွယ်ထားကာ ပဒေသာကပွဲ တစ်ခုလုံးတွင် ရွှင်လန်းချမ်းမြေ့မှုနှင့် နှစ်သစ်နွေဦးပွဲတော် အငွေ့အသက် အပြည့်ရှိပါသည်။ ထိုသို့ဖြင့် China Media Group မှ ၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ အဆင်သင့်ဖြစ်နေပါပြီ။