ဗြိတိန်တော်ဝင်မင်းသား ဝီလျံသည် တော်ဝင်တာဝန်များကို ပြန်လည်ထမ်းဆောင်

(GMT+08:00)2024-02-08 11:29:39  

ဗြိတိန် Sky TV မှ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖော်ပြချက်အရ ဗြိတိန်တော်ဝင်မင်းသား ဝီလျံသည် ၎င်း၏တော်ဝင်တာဝန်များကို ပြန်လည်ထမ်းဆောင်လိုက်ပြီဖြစ်သည်။ မင်းသားဝီလျံသည် ဇန်နဝါရီလတွင် မင်းသမီးကိတ် ဝမ်းဗိုက်ခွဲစိတ်မှုခံယူပြီးနောက် ၎င်း၏တော်ဝင်တာဝန်များကို ယာယီ ရပ်နားခဲ့သည်။ ဘက်ကင်ဟမ်နန်းတော်မှ ဖေဖော်ဝါရီလ ၅ ရက်နေက ဗြိတိန်ဘုရင် ချားလ်စ်သည် ကင်ဆာရောဂါ ခံစားနေရပြီး ရုံးလုပ်ငန်းတာဝန်များကို ယာယီရပ်နားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ချားလ်စ်ဘုရင်၏ ရုံးလုပ်ငန်းတာဝန်အချို့ကို ဝီလျံသည် တာဝန်ယူနိုင်ဖွယ်ရာရှိသည်ဟု ဗြိတိန်မီဒီယာများမှ ယခင်က ခန့်မှန်းခဲ့ကြသည်။