ရှီကျင့်ဖိန်သည် ချီလီသမ္မတဟောင်း Pinera ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ချီလီသမ္မတ Boric ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-02-08 11:23:48  

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ချီလီသမ္မတဟောင်း Pinera ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ချီလီသမ္မတ Boric ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်အစိုးရနှင့်တရုတ်ပြည်သူများကိုယ်စား လေးနက်သောဝမ်းနည်းခြင်းကို ဖော်ပြကာ Pinera ၏ ဆွေမျိုးများနှင့် ချီလီပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ကြောင်း ဖော်ပြခဲ့သည်။

ရှီကျင့်ဖိန်က မစ္စတာ Pinera သည် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အပြုသဘောဆောင်သော အကျိုးဆောင်မှုများ ပြုလုပ်ပေးခဲ့သော ထူးချွန်ပြောင်မြောက်သည့် ချီလီနိုင်ငံရေး ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ မိမိသည် တရုတ်-ချီလီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားပြီး တရုတ်-ချီလီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်မြှင့်တင်ရန် သမ္မတ Boric နှင့် လက်တွဲဆောင်ရွက်လိုကြောင်း သဝဏ်လွှာတွင် ဖော်ပြပါသည်။