ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိရေခဲပြင်တွင် ဝေလငါး ၁၀ ကောင်ခန့် ပိတ်မိနေ

(GMT+08:00)2024-02-08 11:39:05  

ဖေဖော်ဝါရီလ ၆ ရက်နေ့က ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိ ရေခဲပြင်တစ်ခုတွင် ဝေလငါး ၁၀ ကောင်ခန့် ပိတ်မိနေခဲ့ကြောင်း ကျိုဒိုသတင်းမှ ဖော်ပြသည်။ အပူချိန်ကျဆင်းမှုကြောင့် ရေခဲပြင်ဧရိယာ ဆက်လက်တိုးလာနိုင်ပြီး ဝေလငါးများ လွတ်မြောက်ရန် အခက်အခဲဖြစ်စေကြောင်း ဒေသဆိုင်ရာ မိုးလေဝသအရာရှိက ပြောကြားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး ပိတ်မိနေသော ဝေလငါးအများစု သေဆုံးခဲ့သည်။