ရှီကျင့်ဖိန်နှင့် ပေါ်တူဂီ သမ္မတ ဒေစော်စာတို့သည် တရုတ်နှင့် ပေါ်တူဂီ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-02-08 16:41:11  

ဖေဖော်ဝါရီလ ၈ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပေါ်တူဂီနိုင်ငံ သမ္မတ ဒေစော်စာတို့သည် တရုတ်နှင့် ပေါ်တူဂီ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် မိမိသည် တရုတ်နှင့် ပေါ်တူဂီ ဆက်ဆံမှု တိုးတက်ရေးကို အလွန် အလေးထားကြောင်း၊ မိမိအနေနှင့် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ဆက်တိုက် နက်ရှိုင်း လာအောင် ဦးဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန်၊ တရုတ်နှင့် ဥရောပ ဆက်ဆံမှု ပုံမှန် တိုးတက်လာအောင် တွန်းအားပေးပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး အတွက် အကျိုးပြုရန် သမ္မတ ဒေစော်စာနှင့် လက်တွဲ ကြိုးပမ်းလိုပါကြောင်း ဖော်ပြထားပါသည်။ 

  ဒေစော်စာ၏ သဝဏ်လွှာတွင် ပေါ်တူဂီနှင့် တရုတ် နှစ်နိုင်ငံသည် ဝေးလံသော်လည်း အစဉ်တစိုက် သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး စသည့်နယ်ပယ်များတွင် ချစ်ကြည်ရေး ကူးလူးဖလှယ်မှုများကို ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။