ရှီကျင့်ဖိန်သည် Ilham Aliyev အား အာဇာဘိုင်ဂျန် သမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2024-02-08 16:39:51  

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Ilham Aliyev အား အာဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရခြင်း အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်များတွင် တရုတ်-အာဇာဘိုင်ဂျန် ဆက်ဆံရေးသည် အရှိန်ကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်ဦးနှစ်ဖက်တို့သည် အရည်အချင်းမြင့်မားသော နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ရရှိကြောင်း၊ "Belt and Road" အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ တွန်းအားပေးပြီး နိုင်ငံတကာရေးရာများတွင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြောင်း၊ မိမိသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ တိုးမြင့်ရန် သမ္မတ Ilham Aliyev နှင့် လက်တွဲဆောင်ရွက်လိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါသည်။