ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် တရုတ်နှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်စကား ပြောကြား

(GMT+08:00)2024-02-07 13:04:46  

 ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် တရုတ် နှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

   ဂူတာရက်စ်က တရုတ် နဂါးနှစ် ရောက်ခါနီး အချိန်အခါတွင် လူအများအား ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သပါကြောင်း၊ နဂါးသည် ရှင်သန်မှု၊ ဉာဏ်ပညာ၊ ကာကွယ်စောင့်ရှောက်မှုနှင့် ကံကောင်းမှုများ၏ လက္ခဏာ ဖြစ်ပြီး ယင်းသည် လူသားများအတွက် နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် လိုအပ်ချက်ပင် ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ် ပြက္ခဒိန် နှစ်သစ်ပွဲတော်သည် ပထမဆုံးအကြိမ် ကုလသမဂ္ဂပွဲတော် ဖြစ်လာခဲ့ပြီး တရုတ်ပြည်သူများ၏ ကုလသမဂ္ဂ၊ နိုင်ငံစုံဝါဒနှင့် နိုင်ငံတကာ တိုးတက်ရေး အတွက် ခိုင်ခံ့သော ထောက်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်သစ်တွင် အားလုံး ကျန်းမာ ချမ်းမြေ့ ရှင်သန်ပါစေဟု ဆုတောင်းပါကြောင်း ပြောကြားခဲ့ပါသည်။