တရုတ် ထုတ်ကုန်ပစ္စည်းများ ပြည်ပတွင် ရောင်းအားကောင်း ရေပန်းစားခြင်း နောက်ကွယ်တွင် မည်သည့် အကြောင်းရင်းများ ရှိသနည်း

(GMT+08:00)2024-02-07 15:26:31  

လက်ရှိတွင် တစ်ကမ္ဘာလုံးမှ နိုင်ငံ ၂၀ခန့်သည် တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် ကို တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် လူဦးရေ ၅ပုံ၁ပုံသည် ပုံစံမျိုးစုံဖြင့် တရုတ် သက္ကရာဇ် ရိုးရာနှစ်သစ်ကူးပွဲတော်ကို နွှဲပျော်လေ့ရှိပါသည်။ တရုတ် Alibabaအုပ်စု ကုမ္ပဏီ လက်အောက်ရှိ နိုင်ငံဖြတ်ကျော် အွန်လိုင်း ကုန်သွယ်ရေး ပလက်ဖောင်းမှ စာရင်းအရ “တရုတ် နဂါး” အပြင်အဆင်ပုံစံ ပါရှိသော အန်ပေါင်း၊ ပြတင်းပေါက်တွင် ကပ်ထားသော အလှညှပ်စက္ကူ၊ Chinese knottingနှင့်  တံခါးတစ်ဖက် တစ်ချက်တွင် စက္ကူနီဖြင့် ရေးထားသော နွေဦးပွဲတော် နှစ်ချိုးစပ်စာတန်းစသည့် တရုတ် နွေဦးပွဲတော် ကုန်ပစ္စည်းများကို ပင်လယ်ရပ်ခြား နိုင်ငံ ၁၀၀ကျော်တွင် ရောင်းအားကောင်း ပါသည်။

မကြာခင် နှစ်များတွင် ဥရောပ စားသုံးသူများသည် တရုတ် အီလက်ထရွန်နစ် အိပ်ရာခင်း စသည်များကို အလျင်စလို ဝယ်ယူမှုများပြုလုပ်ကြသည်။ တရုတ် လက်ဖက်ဖျော်ရည်နှင့် တရုတ်ပြည်ထုတ် အလှကုန်များသည်လည်း နိုင်ငံရပ်ခြား လူငယ်များကြားတွင် ရေပန်းစား လာပါသည်။ တရုတ် ထုတ်ကုန်ပစ္စည်းများ ပြည်ပတွင် ရောင်းအားကောင်း ရေပန်းစားခြင်း နောက်ကွယ်တွင် မည်သည့် အကြောင်းရင်းများ ရှိသနည်း။

ပထမ အချက်က တရုတ်ထုတ်ကုန်ပစ္စည်းများသည် လက်တွေ့ အသုံးကျပြီး နည်းပညာဆိုင်ရာ ရင့်ကျက်မှု ရှိ၍ အရည်အသွေးကောင်းမွန်သလို ဈေးလည်း ချိုပါသည်။ “တရုတ်ပြည်မှ ထုတ်လုပ်ခြင်း” နောက်ကွယ်တွင် လွန်ခဲ့သည့် နှစ်များ၌ တရုတ်ပြည် ရရှိခဲ့သော ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက် ဆိုင်ရာ အားသာချက်များ ရှိသည်။

ဒုတိယ အချက် ကတော့ တရုတ် ထုတ်ကုန်ပစ္စည်း ဝယ်ယူမှု ဆိုင်ရာ အဆင်ပြေမှု ရှိသည်ဟု နိုင်ငံခြား စားသုံးသူများက အတည်ပြုကြပါသည်။

တတိယ အချက်က တရုတ် ဒြပ်မဲ့ ယဉ်ကျေးမှု ပစ္စည်း၊ မန်ချူးအမျိုးသမီး ဝတ်အင်္ကျီရှည်နှင့် လက်ဖက်ရည် စသည့် ပစ္စည်းများတွင် ပါရှိသည့် ထူးခြားသော တရုတ် ယဉ်ကျေးမှုများသည် တစ်ကမ္ဘာလုံးမှ စားသုံးသူများ အတွက် ဆွဲဆောင်မှု များစွာ ရှိပါသည်။

တရုတ် ထုတ်ကုန်ပစ္စည်းများ ပင်လယ်ရပ်ခြားတွင် ရောင်းအားကောင်း ရေပန်းစား လာခြင်းသည် ကမ္ဘာ့ ကုန်သွယ်ရေး စည်ပင်သာယာမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်သည့် အပြင်၊ မတူခြားနားသည့် ယဉ်ကျေးမှုများ အကြား ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် လေ့လာမှုကိုလည်း တိုးမြှင့်ခဲ့ပါသည်။