ဂျပန် ဖူကူအိုကာ လေဆိပ်ရှိ မြေဆီလွှာသည် ဆိုးရွားစွာ ညစ်ညမ်းနေပြီး အမေရိကန် စစ်တပ်မှ အကြွင်းအကျန်ဟု သံသယရှိ

(GMT+08:00)2024-02-07 13:10:39  

ဂျပန်မီဒီယာများမှ ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်သောသတင်းအရ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာလေဆိပ်ရှိ မြေဆီလွှာတွင် ဘန်ဇင်း နှင့် ခဲဓာတ် ပမာဏ လွန်ကဲစွာ တွေ့ရှိရပြီး အမြင့်ဆုံး ဘန်ဇင်း ပမာဏမှာ ဂျပန်နိုင်ငံ စံနှုန်း၏ ၂၃ ဆရှိကာ ခဲဓာတ် အများဆုံး ပမာဏမှာ စံနှုန်း၏ ၆.၂ ဆ ရှိသည်။

ဖူကူအိုကာ လေဆိပ် တည်ရှိရာနေရာသည် မူလက အမေရိကန်စစ်တပ်မှ အီတာစူကယ် အခြေစိုက်စခန်းဖြစ်ပြီး ၁၉၇၂ ခုနှစ်က ဂျပန်နိုင်ငံအား ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညစ်ညမ်းသည့်နေရာများအားလုံးသည် အမေရိကန်စစ်အခြေစိုက်စခန်းဟောင်းမှ လောင်စာ ပိုက်လိုင်းများ အနီးတွင် တည်ရှိသောကြောင့် အမေရိကန်စစ်အခြေစိုက်စခန်းသည် ညစ်ညမ်းမှု အရင်းအမြစ် ဖြစ်သည်ဟု ယူဆကြသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဂျပန်အစိုးရသည် ဖူကူအိုကာလေဆိပ်မှ အန္တရာယ်ရှိသော ညစ်ညမ်းမှုပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဂျပန်ယန်းငွေ ၁.၁၄ ဘီလီယံ ပေးဆောင်ခဲ့ကြောင်း သတင်းသိရပါသည်။ ယင်းနှင့်ပတ်သက်ပြီး ဂျပန်ပြည်သူများက မကျေမနပ်ဖြစ်ပြီး အဆိုပါ ကုန်ကျစရိတ်ကို ဂျပန်က မပေးဆောင်သင့်ဘဲ အမေရိကန်ဘက်က ပေးဆောင်သင့်ကြောင်း ယူဆကြသည်။