ရှီကျင့်ဖိန်၏ နွေဦးပွဲများမှ ခြေရာများ

(GMT+08:00)2024-02-07 13:05:44  

တရုတ် ရိုးရာ နဂါးနှစ် ရောက်ခါနီး အချိန်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထျန်ကျင်းမြို့သို့ သွားရောက် လေ့လာပြီး အခြေခံဌာနများမှ ကေဒါဝန်ထမ်းများနှင့် ပြည်သူလူထုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ရှီကျင့်ဖိန်သည် ထျန်ကျင်းမြို့ ရှီးချင်း ရပ်ကွက် အမှတ်-၆ ဖူချွင်ရွာသို့ သွားရောက်ပြီး ဘေးပြီးကာလ နာလန်ပြန်ထူရေး လုပ်ငန်းများကို ကြည့်ရှုခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်က ယင်းနေရာရှိ စိုက်ပျိုးမြေ တရုတ် ဧက ၁၀၀၀၀ ကျော်မှာ ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားခဲ့သည်။

ရွာသား တုဟုန်ကမ်းက သမ္မတ ရှီကျင့်ဖိန် ကျွန်တော်ရဲ့ အိမ်ကို ရောက်လာပြီး ဘေးသင့်အခြေအနေ၊ ဘေးပြီး ငွေကြေးထောက်ပံ့ရေး၊ ကလေးများ ကျောင်းတက်ရေး၊ မိသားစု ဝင်ငွေ စတာတွေကို သေချာ မေးမြန်းခဲ့တဲ့အတွက် ကျွန်တော်တို့ စိတ်ထဲမှာ အလွန် နွေးထွေးတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့သည်။

ရေဘေး ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ အစိုးရသည် ရွာသူရွာသားများအတွက် ပလတ်စတစ် ပေါင်းမိုးအိမ်များကို အကူအညီပေး ပြုပြင်မွမ်းမံ ဆောက်လုပ်ပေးခဲ့ပြီး တိုတောင်းသည့် အချိန်အတွင်း ကုန်ထုတ်လုပ်မှုများ စနစ်တကျ ပြန်လည် စတင်နိုင်ခဲ့ပါသည်။ ယခု ရွာသားများ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ  ထွက်နှုန်း လွန်စွာ ကောင်းမွန်သည်ဟု သတင်းရရှိပါသည်။

နှစ်သစ်ကူး နွေဦးပွဲ ဝန်းကျင်တွင် အလုပ်မည်သို့ပင်များများ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်ပြည် ဒေသအရပ်ရပ်သို့ သွားရောက်ပြီး အခြေခံဌာနများသို့ လေ့လာကြည့်ရှုကာ ဒေသခံ ပြည်သူလူထုများအား ကြည့်ရှုအားပေးလေ့ ရှိပါသည်။