ရှီကျင့်ဖိန်သည် ထျန်းကျင်းမြို့သို့ သွားရောက်ပြီး ဒေသခံများကို ကြည့်ရှု

(GMT+08:00)2024-02-07 15:02:13  

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် ကျရောက်လာတော့မည့် အခါသမယတွင် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ယမန်နှစ်က ရေဘေးဒုက္ခခံခဲ့ရပြီးနောက် ဒေသခံ လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှု နာလန်ပြန်ထူသည့် အကြောင်းအရာများကို သိရှိရန် ထျန်းကျင်းမြို့ ရှီးချင်းရပ်ကွက် ဒိလျို့ဗုရွာသို့ သွားရောက် ပြီး ဘေးသင့်သူများကို ကြည့်ရှုခဲ့ကြောင်း သိရပါသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော် အတွင်း နှစ်စဉ်နှစ်တိုင်း တရုတ် ရိုးရာ နွေဦးပွဲတော် ကျရောက်တော့မည့် အချိန်တွင် ရှီကျင့်ဖိန်သည် တရုတ်ပြည် နေရာဒေသများစွာသို့ သွားရောက်ပြီး ပြည်သူများကို ကြည့်ရှုလေ့ရှိပါသည်။ ၄င်း၏ ခြေရာများသည် တရုတ်ပြည် နေရာဒေသအနှံ့အပြားတွင် ရှိပါသည်။ ပြည်သူတွေရဲ့ ဘေးကင်းမှုနဲ့ ချမ်းသာသုခက သမ္မတ ရှီကျင့်ဖိန်၏ နှလုံးသားထဲမှာအမြဲရှိပါတယ်။