နိုင်ငံရပ်ခြား၌ နှစ်ပေါင်း ၄၀ကြာ ပျောက်ဆုံးခဲ့သော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း နှစ်သစ်ကူးပွဲတော်အတွက် အိမ်ပြန်လာ

(GMT+08:00)2024-02-07 14:04:03  

ဖေဖော်ဝါရီလ ၇ရက်နေ့က တရုတ်အမျိုးသားရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများဗျူရို မှသတင်းအရ နိုင်ငံရပ်ခြား၌ နှစ်ပေါင်း ၄၀ကြာ ပျောက်ဆုံးခဲ့သော Fengxingshuguiသည် မကြာခင်ရက်များက ဘေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး အမိနိုင်ငံရင်ခွင်သို့ ပြန်ရောက်လာ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

Fengxingshuguiသည် ၁၉၇၈ခုနှစ်က ရှန်ရှီးပြည်နယ် Baojiမြို့ Fufengခရိုင်မှ တူးဖော်တွေ့ရှိခဲ့သော အနောက်Zhouခေတ် နောက်ဆုံးအချိန်က ကြေးရုပ်ဖြစ်ကြောင်း၊ ယင်းနိုင်ငံတော် ပထမအဆင့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းကို ၁၉၈၄ခုနှစ် နိုဝင်ဘာလက ခိုးယူခံရပြီး ပင်လယ်ရပ်ခြား၌ ပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလက တရုတ်အမျိုးသားရှေးဟောင်းယဉ်ကျေးမှုဗျူရိုသည် အမေရိကန်နိုင်ငံ နယူးယောက်၌ Fengxingshugui ပေါ်လာသည်ဟု သတင်းရရှိပြီး ပျောက်ဆုံးနေသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ ရှာဖွေရေးအစီအစဉ်ကို စတင်ခဲ့ပါသည်။ ယင်းရှေးဟောင်းယဉ်ကျေးမှုပစ္စည်းကိုင်ဆောင်ထားသူ ရေမွန်ကင် နှင့် ၎င်း၏မိခင်တို့သည် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း၏ နောက်ခံအကြောင်းကို သိရှိနားလည်ပြီးနောက် ယင်းပစ္စည်းကို တရုတ်အစိုးရအား ချွင်းချက်မရှိ ပြန်ပေးရန် သဘောတူကြပါသည်။