ကောင်းကင်၌ “တံခါးပြုတ်ကျမှု” မတော်တဆဖြစ်ပွားခဲ့သော Boeing ခရီးသည်တင် လေယာဉ်တွင် မူလီ၄လုံး ပျောက်ဆုံးနေကြောင်း အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့ ဆို

(GMT+08:00)2024-02-07 14:03:12  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၆ရက်နေ့က အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့(NTSB)မှ ဇန်နဝါရီလက Alaskaလေကြောင်း ကုမ္ပဏီမှ ဖြစ်ပွားခဲ့သော လေကြောင်းမတော်တဆမှုဆိုင်ရာ ပဏာမ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ပဏာမစုံစမ်းစစ်ဆေးချက်အရ ထိုအချိန်က ပျံသန်းခဲ့ သော Boeing 737 MAX 9 ခရီးသည်တင်လေယာဉ်တွင် ကောင်းကင်၌ ပြုတ်ကျခဲ့သော အရေးပေါ်တံခါးသည် အဓိကကျသည့် မူလီ ၄လုံး ပျောက်ဆုံးနေကြောင်း ရိုက်တာသတင်းဌာနမှ သတင်းကိုကိုးကား၍ China Media Groupမှ ဖော်ပြပါသည်။

လက်ရှိအချိန်တွင် အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့ သည် မတော်တဆမှုဖြစ်ပွားခဲ့သောလေယာဉ်၏ တံခါးပြုတ်ကျ