ရှီကျင့်ဖိန် သည် Nangolo Mbumba ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-02-07 16:44:02  

ဖေဖော်ဝါရီလ ၇ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည်  နမီးဘီးယားနိုင်ငံသမ္မတအဖြစ် ရွေးချယ်ခံရခြင်းနှင့်ပတ်သက်၍ Nangolo Mbumba ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ပါသည်။
    ရှီကျင့်ဖိန် က တရုတ်-နမီးဘီးယားနှစ်နိုင်ငံအကြား အစဉ်အလာချစ်ကြည်ရေး နက်ရှိုင်းလှပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှု များစွာရရှိခဲ့ ကြောင်း၊ တစ်ဦး၏ အမြုတေအကျိုးစီးပွား၊ အရေးကြီးအာရုံစိုက်မှုများအပေါ် တစ်ဦးက ထောက်ခံလျက်ရှိကြောင်း၊ မိမိအနေဖြင့် တရုတ်-နမီးဘီးယားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် ရန် အလွန်အလေးထားပြီး အဆွေတော်သမ္မတ Nangolo Mbumba နှင့်အတူ တရုတ်-နမီးဘီးယား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေးတွင် တိုးတက်မှုသစ်ရရှိရန်၊ နိုင်ငံတကာတရားမျှတမှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးတူစီးပွားများကို ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ဆန္ဒရှိ ကြောင်း အလေးထား ဖော်ပြထားပါသည်။